Tears in Heaven သီချင်းကို လူတိုင်းနီးပါး သိကြမှာပါ။ ဒီ သီချင်းကို Eric Clapton နဲ့ Will Jennings တို့က Rush ဆိုတဲ့ Album အတွက် ရေးစပ်ခဲ့တာပါ။ သီချင်း ရဲ့ ဖြစ်ပေါ်လာပုံက March လ ၂၀ ရက် ၁၉၉၁ ခုနှစ် Eric Clapton ရဲ့  ချစ်ရတဲ့ ၄ နှစ်သားအရွယ် သားငယ်လေး Conor ဟာ New York မြို့ မှာရှိတဲ့ ၅၃ ထပ်မြင့်တဲ့ သူ့မိခင် သူငယ်ချင်းရဲ့  နေအိမ်ပြတင်းပေါက်ကနေ ပြုပ်ကျ သေဆုံးခဲ့ပါတယ်။
Eric Clapton ဟာ အရမ်း စိတ်ဓါတ်ကျခဲ့ပြီး သူ့သားရဲ့ အဖြစ်အပျက် ကို ရည်စူးပြီး ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းလေးဟာ Eric Clapton ရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
https://www.youtube.com/watch?v=AscPOozwYA8
Saturday, 22 February 2014
Friday, 21 February 2014
Leonardo DiCaprio
ကျတော်တို့ လီယိုနာဒို လို့သိထားကြတဲ့ Titanic မင်းသား Leonardo DiCaprio ဟာ တစ်ဦးတည်းသောသားဖြစ်ပြီး Los Angeles, California မှာ မွေးဖွားခဲ့တယ်။ သူ့ မိခင်နာမည်က Irmelin ဖြစ်ပြီး ( မျိုးရိုး န်ာမည်ကတော့ Indenbirken ) အတွင်းရေးမှူးတစ်ဦး ဖြစ်သည်။ သူ့ မိခင်ဟာ ဂျာမဏီ မှာ မွေးခဲ့ပြီး Ruhr ကနေ U.S ကို ၁၉၅၀ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ သူ့ အဖေ ကတော့ George DiCaprio ဖြစ်ပြီး ဟာသ စာရေးဆရာ၊ ထုပ်ဝေသူ နဲ့ ဟာသစာအုပ်တွေ ဖြန့်ဝေသူဖြစ်တယ်။ Leonardo ရဲ့  အဖက အီတလီ နဲ့ ဂျာမာန် တစ်ဝတ်ဆီ နှောတယ်။ သူ့အမေဖက်ကဖြစ်တဲ့ အဖိုး Wilhelm Indenbirken နဲ့ အဖွား Helene Indenbirken က ဂျာမာန် လူမျိုးဖြစ်တယ်။
လီယိုနာဒို မိဘတွေဟာ သူတို့ ကျောင်းသားဘ၀ တက္ကသိုလ်တတ်တဲ့အချိန်မှာ ဆုံခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ မေရိကန် Los Angeles ကို ပြောင်းရွေ့ ခဲ့တယ်။ သူ့ကို လီယိုနာဒို လို့နာမည်ပေးခဲ့တာက သူ့အမေ ကိုယ်ဝန်ဆောင်နေတဲ့အချိန် သူ့အမေဗိုက်ကို ပထမဦးဆုံး ကန်တဲ့အချိန်မှာ သူ့အမေဟာ Leonardo da Vinci ဆိုတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့  ပန်းချီကားတွေကို အီတလီနိင်ငံ ပြတိုက်တစ်ခုမှာကြည့်နေတဲ့အချိန်ဖြစ်လို့ Leonardo ဆိုတဲ့နာမည်လေးယူပြီးပေးခဲ့တာပါတဲ့။
လီယိုနာဒို ရဲ့ မိဘတွေဟာ သူ့အသက် ၁ နှစ်လောက်ပဲရှိတဲ့အချိန်မှာ တရားဝင် ကွာရှင်းခဲ့ကြတယ်။ သူဟာ သူ့အမေနဲ့ဘဲ အများဆုံး
အတူတူနေခဲ့တယ်။ သူတို့ သားအမိ နှစ်ယောက် Los Angeles အသိုင်းအ၀ိုင်း ( နေရာလိပ်စာ Echo Park, and at 1874 Hillhurst Avenue )ပါတ်ဝန်းကျင်လေးမှာပဲ နှစ်တွေတော်တော်ကြာနေထိုင်ခဲ့ကြတယ်။ အခုတော့ သူ့တို့နေတဲ့နေရာလေးဟာ ပြည်သူ့စာကြည့်တိုက်အဖြစ်ပြောင်းလဲ သွားပါပြီ။ သူ့ မိခင်ကတော့ အလုပ်တွေများစွာလုပ်ပြီး သူ့သားကို ထောက်ပံ့ခဲ့တယ်။ သူဟာ John Marshall High School အထက်တန်းကျောင်း
တွင်အောင်မြင်ခဲ့ပြီး Los Angeles Center for Enriched Studies တက္ကသိုလ်မှာ လေးနှစ် ပညာသင်ယူခဲ့တယ်။ လီယိုနာဒို ဟာ သူ့ငယ်ဘ၀ တစ်ချို့  အချိန်တွေကို ဂျာမဏီမှာ ရှိတဲ့ အမေဖက်က ဘိုး ဘွားတွေနဲ့ လည်းအတူတူ နေထိုင်ခဲ့တယ်။ သူဟာ ဂျာမာန် စကားကိုလည်း ကျွမ်းကျင်စွာပြောနိုင်ပါတယ်...။
Source from wiki.
Mother and son: Leonardo and his mother are shown in May 2005 in New York City

Thursday, 20 February 2014
Avril Lavigne
Avril lavigne က ကနေဒါနိင်ငံ Belleville , Ontario မှာမွေးဖွားခဲ့တယ်။ သူမရဲ့ အဖေက Jean-Claude Joseph Lavigne ဖြစ်တယ်။ Avril lavigne အသက် ၂ နှစ်အရွယ်ကစပြီး ဘုရားကျောင်းတွေမှာ သူ့အမေနဲ့အတူ သီချင်းတွေ စ ဆိုခဲ့တယ်။ သူ့ အမေဟာ Avril Lavigne အသက် ၂ နှစ်အရွယ်မှာ " Jesus Loves Me" ဆိုတဲ့သီချင်းကို ဘုရားကျောင်းမှာ သီဆိုတာကို ကြားမိချိန်မှစပြီး သူမရဲ့  သီချင်းဆို ပါရမီကို သတိထားမိခဲ့တယ်။ Avril Lavigne မှာ အစ်ကို အကြီးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်။ အစ်ကိုကြီးနာမည်က Matthew ဖြစ်ပြီး ညီမလေးက Michelle ဖြစ်တယ်။ Avril Lavigne ကလေးဘ၀ အရွယ်မှာ ညအိပ်ရာဝင်တဲ့အချိန်မှာ သီချင်းဆိုလေ့ရှိပါတယ်တဲ့။
ဒါကို အစ်ကို ဖြစ်သူက အရမ်းဆူညံတယ်ဆိုကာ နံရံကို ထုပြီး ကျီစယ်ခဲ့ပါတယ်တဲ့။ Avril Lavigne ရဲ့ အဖေကတော့ ပြင်သစ်လူမျိုးဖြစ်ပြီး၊ သူ့အမေကတော့ အင်္ဂလိပ် ၊ စကော့တစ်ရှ် နဲ့ ဂျာမန် မျိုးရိုးတွေဖြစ်ကြပါတယ်။
Tommy Emmanuel
Tommy Emmanuel ဆိုတာ ကမ္ဘာကျော် ဂီတာ သမားတစ်ဦးပါ။ သူ့ကို သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်း အများကြီးရှိမှာပါ။
ကဲ ... သူ့ရဲ့ ဘ၀က စိတ်ဝင်စားစရာကောင်းလို့ ကျတော်
တင်ဆက်လိုက်ပါတယ်ဗျာ... တစ်ချို့ မလိုအပ်ဘူးလို့ ထင်တဲ့အပိုင်းတွေကို ကျတော်ချန်ထားခဲ့တယ်နော်....
Emmanuel ဟာ ၁၉၅၅ ခုနှစ် သြစတေးလျ နိင်ငံမှာမွေးဖွားခဲ့ပါတယ်။ သူ့အသက် လေး နှစ်အရွယ်မှာ ဂီတာ တစ်လုံး သူ့မိခင်ဆီ က လက်ခံရရှိခဲ့ပြီး သူ့ကို ဂီတာ သင်ကြားပေးခဲ့ပါတယ်။ အကြောင်းကတော့ သူ့အမေ lap steel guitar ( ပုံတွင်ပြထားသည့် ဂီတာ တစ်မျိုး ) တီးတဲ့အချိန် အတူတူ တွဲတီးဖို့သင်ပေးခဲ့တာပါ။ Emmanuel အသက် ၇ နှစ်ရောက်တဲ့အချိန်မှာတော့ ရေဒီယိုမှတစ်ဆင့် အမေရီကန် အဆိုတော်နဲ့ ဂီတာ တီးသမား Chet Atkins ရဲ့  သံစဉ်ကို စ ကြားခဲ့တယ်။ အဲဒီအချိန်ကို ကောင်းစွာ မှတ်မိပြီး " သူ့ရဲ့  စိတ်တွေကို အရမ်းပဲ လုံ့ဆော်ခဲ့တယ် " လို့ဆိုပါတယ်။
၁၉၆၁ သူ့အသက် ၆ နှစ်မှာတော့ သူ ဟာ Professional ဂီတ သမားဘ၀နဲ့ ဖြစ်နေပါပြီ။ သူ့ဖခင်ဟာ Tommy နဲ့ သူ့အစ်ကို Phil အတွက် မိသားစု တီးဝိုင်းလေးဖွဲ့ပေးခဲ့ပါတယ်။ သူ့တို့ရဲ့ နေအိမ်ကိုတောင် ရောင်းခဲ့ပြီး သူတို့ဘ၀တွေကို လမ်းမတွေပေါ်မှာပဲ Rhythm guitar တီးရင်းသာ ရွက်လွင့်ခဲ့ကြတယ်။
Emmanuel ဟာ သူ့ရဲ့ ကလေးဘ၀ အချိန်တော်တော်များများကို သူ့မိသားစုနဲ့အတူ ဂီတာတီးပြီး သြစတေးလျ နိင်ငံတစ်ဝန်း ပတ်နေရင်းနဲ့ သာ ကုန်ဆုံးစေခဲ့တယ်။ ကျောင်းကိုတော့ တစ်ခါတစ်ရံသာ သွားပါတော့တယ်။ ဒါပေမယ့် သူ့မိဘ တွေကတော့ လမ်းပေါ်မှာပဲ ဘ၀ ကို ရွက်လွင့်နေရတဲ့ ဘ၀ ခက်ခဲမှူ ၊ ဒုက္ခကို တဖြေးဖြေး နားလည်သဘောပေါက်လာခဲ့တယ်။ သူတို့မိသားစုဟာ အရမ်းဆင်းရဲ နေပေမယ့်လည်း အစာ ငတ်တာတို့ ပစ္စည်းတွေ ခိုးယူတာတို့ လုံးဝ မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူငယ်လေး Emmanuel ဟာ New South Wales ပြည်နယ် ပညာရေး ဌာနမှ ကျောင်းပုံမှန်သွားဖို့ တိုက်တွန်းခြင်းကို ခံခဲ့ရပါတယ်။
၁၉၆၆ ခုနှစ် Emmanuel ရဲ့ ဖခင် သေဆုံးပြီးနောက် သူတို့မိသားစုလေးဟာ Parkers အရပ်ကို ပြောင်းရွှေ့  ခဲ့တယ်။ Tommy ဟာ နောက်ဆုံးတော့ မြို့တော် Sydney (ဆစ်ဒနီ) ကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ဆစ်ဒနီ မြို့ မှာ ပြုလုပ်တဲ့ ဂီတ ပြိုင်ပွဲလေးမှာ သူ အနိင်ရရှိခဲ့ရာကစလို့ သူ့ရဲ့ အစွမ်း ပါရမီိကို လူတွေ သတိပြုခဲ့မိကြတော့တယ်။ ၁၉၇၀ နှောင်းပိုင်းနှစ်တွေမှာတော့ Goldrush ဆိုတဲ့အဖွဲ့ လေးမှာ သူ့အစ်ကို ဖြစ်သူ Phil နဲ့ အတူ သူက Drm (ဒရမ်)တီးခဲ့တယ်။ ဒါပေမယ့် သူဟာ The Southern Star Band ဆိုတဲ့အဖွဲ့မှာ lead (လိဒ်) ဂီတာ သမားအဖြစ် ပိုပြီးအောင်မြင်မှူရရှိခဲ့တယ်။ ၁၉၈၀ ခုနှစ်အစောပိုင်း ကာလတွေမှာတော့ ၁၉၇၀ ခုနှစ်က rock ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Dragon အဖွဲ့ကို Lead ဂီတာ သမားတစ်ယောက်အနေနဲ့ ဦးဆောင်ပြီး တော့ နယ်လှည့်ဖျော်ဖြေရေးတွေ ပြုလုပ်ခဲ့တယ်။ Tina Turner အမည်ရတဲ့ အဖွဲ့နဲ့လည်း သူ နယ်လှည့်ဖျော်ဖြေရေးတွေ ထွက်ခဲ့တယ်။ နောက်ပိုင်းတော့ သူဟာ ဂီတ အဖွဲ့တွေနဲ့ ခွဲခွာပြီးတော့ တစ်ကိုယ်တော် သမားအဖြစ်နဲ့ပဲ ဂီတ နဲ့ အသက်မွေးမြူပြီး ရှေ့ဆက်ခဲ့တယ်။
သူ့ရဲ့  သတ်တမ်းတစ်လျှောက်မှာ သူဟာ မြောက်များစွာသော ကမ္ဘာကျော် အဆိုတော်တွေနဲ့ အတူတူ တွဲဖက်တီးခတ်သီဆိုခဲ့တယ်။
သူ တွဲဖက်တီးခတ်ခဲ့တဲ့ နာမည် ကြီးတစ်ချို့ရဲ့ အမည်တွေကတော့ Chet Atkins, Eric Clapton, Sir George Martin, Air Supply, John Denver, Les Paul, Edgar Cruz, Martin Taylor နဲ့ Doc Watson တို့ဖြစ်တယ်။

Subscribe to:
Comments (Atom)

.jpg)