Thursday, 20 February 2014

Avril Lavigne


Avril lavigne က ကနေဒါနိင်ငံ Belleville , Ontario မှာမွေးဖွားခဲ့တယ်။ သူမရဲ့ အဖေက Jean-Claude Joseph Lavigne ဖြစ်တယ်။ Avril lavigne အသက် ၂ နှစ်အရွယ်ကစပြီး ဘုရားကျောင်းတွေမှာ သူ့အမေနဲ့အတူ သီချင်းတွေ စ ဆိုခဲ့တယ်။ သူ့ အမေဟာ Avril Lavigne အသက် ၂ နှစ်အရွယ်မှာ " Jesus Loves Me" ဆိုတဲ့သီချင်းကို ဘုရားကျောင်းမှာ သီဆိုတာကို ကြားမိချိန်မှစပြီး သူမရဲ့  သီချင်းဆို ပါရမီကို သတိထားမိခဲ့တယ်။ Avril Lavigne မှာ အစ်ကို အကြီးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်။ အစ်ကိုကြီးနာမည်က Matthew ဖြစ်ပြီး ညီမလေးက Michelle ဖြစ်တယ်။ Avril Lavigne ကလေးဘ၀ အရွယ်မှာ ညအိပ်ရာဝင်တဲ့အချိန်မှာ သီချင်းဆိုလေ့ရှိပါတယ်တဲ့။
ဒါကို အစ်ကို ဖြစ်သူက အရမ်းဆူညံတယ်ဆိုကာ နံရံကို ထုပြီး ကျီစယ်ခဲ့ပါတယ်တဲ့။ Avril Lavigne ရဲ့ အဖေကတော့ ပြင်သစ်လူမျိုးဖြစ်ပြီး၊ သူ့အမေကတော့ အင်္ဂလိပ် ၊ စကော့တစ်ရှ် နဲ့ ဂျာမန် မျိုးရိုးတွေဖြစ်ကြပါတယ်။


No comments:

Post a Comment