ကျတော်တို့ လီယိုနာဒို လို့သိထားကြတဲ့ Titanic မင်းသား Leonardo DiCaprio ဟာ တစ်ဦးတည်းသောသားဖြစ်ပြီး Los Angeles, California မှာ မွေးဖွားခဲ့တယ်။ သူ့ မိခင်နာမည်က Irmelin ဖြစ်ပြီး ( မျိုးရိုး န်ာမည်ကတော့ Indenbirken ) အတွင်းရေးမှူးတစ်ဦး ဖြစ်သည်။ သူ့ မိခင်ဟာ ဂျာမဏီ မှာ မွေးခဲ့ပြီး Ruhr ကနေ U.S ကို ၁၉၅၀ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ သူ့ အဖေ ကတော့ George DiCaprio ဖြစ်ပြီး ဟာသ စာရေးဆရာ၊ ထုပ်ဝေသူ နဲ့ ဟာသစာအုပ်တွေ ဖြန့်ဝေသူဖြစ်တယ်။ Leonardo ရဲ့  အဖက အီတလီ နဲ့ ဂျာမာန် တစ်ဝတ်ဆီ နှောတယ်။ သူ့အမေဖက်ကဖြစ်တဲ့ အဖိုး Wilhelm Indenbirken နဲ့ အဖွား Helene Indenbirken က ဂျာမာန် လူမျိုးဖြစ်တယ်။
လီယိုနာဒို မိဘတွေဟာ သူတို့ ကျောင်းသားဘ၀ တက္ကသိုလ်တတ်တဲ့အချိန်မှာ ဆုံခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ မေရိကန် Los Angeles ကို ပြောင်းရွေ့ ခဲ့တယ်။ သူ့ကို လီယိုနာဒို လို့နာမည်ပေးခဲ့တာက သူ့အမေ ကိုယ်ဝန်ဆောင်နေတဲ့အချိန် သူ့အမေဗိုက်ကို ပထမဦးဆုံး ကန်တဲ့အချိန်မှာ သူ့အမေဟာ Leonardo da Vinci ဆိုတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့  ပန်းချီကားတွေကို အီတလီနိင်ငံ ပြတိုက်တစ်ခုမှာကြည့်နေတဲ့အချိန်ဖြစ်လို့ Leonardo ဆိုတဲ့နာမည်လေးယူပြီးပေးခဲ့တာပါတဲ့။
လီယိုနာဒို ရဲ့ မိဘတွေဟာ သူ့အသက် ၁ နှစ်လောက်ပဲရှိတဲ့အချိန်မှာ တရားဝင် ကွာရှင်းခဲ့ကြတယ်။ သူဟာ သူ့အမေနဲ့ဘဲ အများဆုံး
အတူတူနေခဲ့တယ်။ သူတို့ သားအမိ နှစ်ယောက် Los Angeles အသိုင်းအ၀ိုင်း ( နေရာလိပ်စာ Echo Park, and at 1874 Hillhurst Avenue )ပါတ်ဝန်းကျင်လေးမှာပဲ နှစ်တွေတော်တော်ကြာနေထိုင်ခဲ့ကြတယ်။ အခုတော့ သူ့တို့နေတဲ့နေရာလေးဟာ ပြည်သူ့စာကြည့်တိုက်အဖြစ်ပြောင်းလဲ သွားပါပြီ။ သူ့ မိခင်ကတော့ အလုပ်တွေများစွာလုပ်ပြီး သူ့သားကို ထောက်ပံ့ခဲ့တယ်။ သူဟာ John Marshall High School အထက်တန်းကျောင်း
တွင်အောင်မြင်ခဲ့ပြီး Los Angeles Center for Enriched Studies တက္ကသိုလ်မှာ လေးနှစ် ပညာသင်ယူခဲ့တယ်။ လီယိုနာဒို ဟာ သူ့ငယ်ဘ၀ တစ်ချို့  အချိန်တွေကို ဂျာမဏီမှာ ရှိတဲ့ အမေဖက်က ဘိုး ဘွားတွေနဲ့ လည်းအတူတူ နေထိုင်ခဲ့တယ်။ သူဟာ ဂျာမာန် စကားကိုလည်း ကျွမ်းကျင်စွာပြောနိုင်ပါတယ်...။
Source from wiki.
Mother and son: Leonardo and his mother are shown in May 2005 in New York City




No comments:
Post a Comment